Saturday , May 27 2017
Home / ဗေဒင် / ၃၀-၆-၁၆ မှ ၆-၇-၁၆ ထိ ၇ ရက် သားသမီး ဟောစာတမ်း

၃၀-၆-၁၆ မှ ၆-၇-၁၆ ထိ ၇ ရက် သားသမီး ဟောစာတမ်း

ဒေါက်တာထွန်းလင်း-ဘုတလင် (Gold-Medalist)

တနင်္ဂနွေ

စိတ်လေနေမည်။ အတွေးများနေမည်။ ရည်ရွယ်ချက်များ ၊ ရည်မှန်းချက်များ တစ်ခုပြီးတစ်ခု ဆုံးဖြတ်ချက်ချနေဖြစ်မည်။ ချစ်သူ၊ စွဲလန်းသူ ခင်မင်သူ၏ အကူအညီဖြင့် သင်၏အောင်မြင်မှုကို စတင်ယူဖြစ်မည်။ သို့သော်လည်း ရင်းနှီးမြှပ်နှံမှုတစ်ခုခု ပြုရကိန်းရှိသည်။ ငွေအား သို့မဟုတ် လူအားဖြင့် ရင်းနှီးမြှပ်နှံ၇ကိန်းရှိသည်။ အမှတ်မထင် အံ့သြလောက်သော အောင်မြင်မှုတစ်ခုရလိမ့်မည်။ ထို့ကြောင့် အောင်မြင်ပြီးမှ အိမ်ထောင်ပြုပါ။ ခြေထောက်တစ်ဖက် နာကျင်မှုဖြစ်လိမ့်မည်။ လက်တစ်ဖက် ရေနွေးပူ ၊ ဆီပူလောင်ခြင်း အနည်းငယ်ြုဖစ်မည်။ သို့မဟုတ် လျှပ်စစ်ဓာတ်လိုက်ခြင်းခံရတတ်သည်။ ဂရုစိုက်ပါ။ သို့သော် အန္တရာယ်မရှိပါ။ တစ်ဖက်ကို စိတ်ဓာတ် လွန်ကဲစွာအာရုံပြု ကြိုးစားမှုကြောင့် အခြားတစ်ဖက်၏ ကတိပေးမှုများ ပျက်ကွက်တတ်သည်။ အထင်အမြင် လွဲခံရမည်။ အပြစ်တင်ခံရမည်။ သို့သော် သင့်စေတနာအမှန်ကို ပြန်သိ၍ ပြေလည်မှုရသွားမည်။

အကျိုးပေးဂဏန်း ၅၊ ၆ ၊ ၈

အထူးဟော – တွေဝေငေးမောမှုရှောင်ပါ။

ယတြာ – တနင်္ဂနွေနေ့တွင် အရှေ့မြောက်ထောင့်အရပ်သို့လှည့်၍ နံနက် ၁၁ နာရီတွင် အုန်းသီးဆံ စားပြီး ငါအောင်ပြီ ဟု ၃ ကြိမ်အော်လိုက်ပါ။

တနင်္လာ

သူများပြောတိုင်းမယုံပဲ ၊ ကိုယ်တိုင်လက်တွေ့မြင်ရ၊ ကြုံရမှ ယုံလိုသောစိတ်ဓာတ်ရှိသူဖြစ်ပါသည်။ ၄င်းအပြင် သံသယရှိမှုများသူဖြစ်ပြီး စူးစမ်းခြင်း စမ်းသပ်ခြင်း ၀ါသနာပါသူဖြစ်သည်။ သို့သော် သင်သည် ဤတစ်ပတ်အတွင်း အောင်မြင်မှု၊ ၂ခု မုချဆွတ်ခူး ရရှိမည်ဖြစ်ပါသည်။ ငွေဝင်ကိန်းရှိပါသည်။ လုပ်ငန်းနှင့်ပတ်သတ်၍လည်း တိုးတက် မြင့်မားကိန်းရှိပါသည်။ ခရီးများသွားရကိန်းရှိသည်။ အကြီးအကဲမြှောက်စားခြင်းလည်းခံရမည်။ စာမေးပွဲဖြေဆို အောင်မြင်မှုလည်းရှိပါသည်။ အချစ်ရေးမှာ မသေမချာ၊ ဇဝေဇ၀ါလမ်းပေါ် လျှောက်ရသလိုဖြစ်နေမည်။ ထီပေါက်ကိန်း ရှိ၍ ယခုအမြန် ထီထိုးလိုက်ပါ။ ဆွေမျိုးအတွက် စိတ်ရှုပ်ရမည်။ အရင်းနှီးဆုံးသူငယ်ချင်းနှင့် စိတ်ဝမ်းကွဲမည်။ ကိုယ်ပိုင်လုပ်ငန်း ရှယ်ယာလုပ်ငန်းများ အကောင်အထည်ဖော်ဖြစ်မည်။ အောင်မြင်မည်။ ကျန်းမာရေးမှာ ရင်ပြည့်ရင်ကယ် ၀မ်းမကောင်းခြင်းဖြစ်တတ်၍ သတိထားပါ။

အကျိုးပေးဂဏန်း ၄၊ ၆၊ ၉

အထူးဟော – အောင်မြင်မှုရမည်။

ယတြာ – တနင်္လာနေ့တွင် အရှေ့အရပ်ရှိ လမ်းမပေါ်သို့ နံနက်ပိုင်းတွင်တွေ့သော သံဃာတစ်ပါးအား ဒံပေါက်ဆွမ်းကပ်လှူပြီး ဆုတောင်းလိုက်ပါ။ မုချအောင်မြင်မည်။

 

အင်္ဂါ

စိတ်လှုပ်ရှားမှု များနေမည်။ စိုးရိမ်စရာတွေလည်းကြုံနေမည်။ အတိုက်အခံတွေလည်း ပေါ်နေမည်။ ဆုံးဖြတ်၇ ခက်သော အရာတွေလည်း ရင်ဆိုင်နေရတတ်ပါသည်။ သို့သော် အရာရာ အောင်မြင်တိုးတက်မှုများ ရရှိမည့် ကာလဖြစ်ပါသည်။ ခြေလက်တို့ ထိခိုက်ရှနာဖြစ်ကိန်းရှိ၍ ဂရုစိုက်ပါ။ အချစ်ရေး။ အိမ်ထောင်ရေး ဇာတ်လမ်းများ ရှုပ်မည်။ ကိုယ်ပိုင်ငွေ အစုလိုက်အပြုံလိုက်ရကိန်းရှိ၍ သူများပိုင်ငွေများစွာကို လက်မခံသင့်ပါ။ ရင်းနှီးမြှပ်နှံမှု တစ်ခုခု ပြုဖြစ်မည်။ ပြုလုပ်သင့်ပါသည်။ ရင်းနှီးမြှပ်နှံမှုမှာ မြေအိမ်၊ တိုက်တာ၊ ကား၊ စက်၊ တစ်မျိုးမျိုးဖြစ်ကိန်းရှိသည်။ ထီထိုးပါ။ နေအိမ်၏ အရှေ့ဘက်အရပ်ရှိထီဆိုင်တွင် ထိုးပါ။ အကြီးအကဲမိဘတို့အတွက် စိတ်ပူရတတ်သည်။ ငယ်ရွယ်သူတို့အတွက် စိတ်ရှုပ်ရကိန်းရှိသည်။ အချစ်ရေးမှာ စန်းပွင့်မည်။

အကျိုးပေးဂဏန်း ၅၊ ၂၊ ၃

အထူးဟော – အတိုက်အခံများကြုံမည်။

ယတြာ – အင်္ဂါနေ့နံနက်တွင် အိမ်ဘုရားကို အောင်သပြေ ၁၉ ညွန့်ကပ်လှူလိုက်ပါ။ လိုရာဆုပန်ပါ။

 

ဗုဒ္ဓဟူး

အခုတစ်မျိုး ၊ တော်ကြာတစ်မျိုးဖြစ်တတ်သောကာလဖြစ်ပါသည်။ ရည်ရွယ်ချက်နှင့်ရည်မှန်းချက်အမျိုးမျိုးပြောင်းလဲရ တတ်သည်။ အချစ်ရေးမှာ အဆင်ပြေသလိုရှိပြီး နှောင့်နှေးကြန့်ကြာမှုများဖြစ်ကိန်းရှိသည်။ အလုပ်ရမည်။ ယခင်အလုပ်ထက်ပို၍ ကောင်းမည်။ လက်ရှိအလုပ် ရာထူတးက်မည်။ လစာတိုးမည်။ နေရာရွှေ့ပြောင်းဖြစ်မည်။ မရောက်ဖူးသောခရီး ရောက်မည်။ ကျန်းမာရေးကောင်းသည်။ စက်ပစ္စည်းများ အပြောင်းအလဲ အ၀င်အထွက်ဖြစ်မည်။ သူများအရှုပ် ကိုယ့်အရှုပ်ဖြစ်တတ်၍ ဂရုစိုက်ပါ။ တောင်အရပ်ရှိထီဆိုင်တွင် ထီထိုးပါ။ ထီပေါက်ကိန်းရှိပါသည်။ သို့မဟုတ် ထီပေါက်သလို ငွေဝင်မည်။ သူတစ်ပါးပေးသောလက်ဆောင်ရလိမ့်မည်။ အဝေးမိတ်ဆွေအကူအညီရမည်။

အကျိုးပေးဂဏန်း ၉၊ ၄၊ ၆

အထူးဟော – ဆန္ဒမစောနဲ့။

ယတြာ – ဗုဒ္ဓဟူးနေ့နံနက်တွင် တန်ခိုးကြီးဘုရားကို အောင်သပြေ ၁၉ ညွန့်ကပ်လှူ၍ ဆုတောင်းပါ။

 

ကြာသပတေး

စိတ်သစ်၊ လူသစ်၊ ရည်ရွယ်ချက်အသစ်များနှင့်ဆောင်ရွက်ဖြစ်မည်။ အောင်မြင်မှုရှိသည်။ ခရီးဝေးများသွားရကိန်း ရှိသည်။ အချစ်ရေး။ အိမ်ထောင်ရေး အဆင်ပြေသည်။ အလုပ်အကိုင် ၀င်ငွေကောင်းမည်။ မိသားစု တစ်ကွဲတစ်ပြားစီနေထိုင်မှုဖြစ်နေမည်။ ဆွေမျိုးသားချင်းအတွက်စိတ်ရှုပ်ရကိန်းရှိသည်။ စက်ပစ္စည်းပျောက်ကိန်း ရှိသည်။ ငွေကြေးနှင့်ပတ်သတ်၍ အလိမ်ခံရကိန်းရှိသည်။ ကျန်းမာရေးမှာ ဦးခေါင်းပိုင်း ဂရုစိုက်ပါ။ စိုးရိမ်စရာမရှိပါ။ ဆိုင်ကယ်၊ ကားများ ဂရုစိုက်စီးပါ။ ခိုက်မိတတ်ပါသည်။ အစသန်၍ ရန်ဖြစ်တတ်သောကြောင့် စကားပြောဆင်ခြင်ပါ။

အကျိုးပေးဂဏန်း ၅၊ ၆၊ ၉

အထူးဟော – သင်ကံကောင်းနေပါသည်။

ယတြာ – ကြာသပတေးနေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် လမ်းမပေါ်တွေ့သော သံဃာတစ်ပါးအား ထီးဖွင့်ကပ်လှူပါ။

 

သောကြာ

စွန့်စားမှု၊ စူးစမ်းမှု ၀ါသနာပါသူဖြစ်သည်။ စိတ်မြန်သည်။ တစ်ခါတစ်ရံ တစ်ယူသန်စိတ်ရှိသူဖြစ်သည်။ အစွဲအလန်းကြီးသည်။ သံယောဇဉ်ကြီးသည်။ မိဘသားချင်းတို့၏ အကောင်းမထင် အပြစ်တင်ခြင်းလည်း ခံရတတ် သူဖြစ်သည်။ ခရီးဝေးယာယီများရောက်မည်။ ထီထိုးပါ။ ထီပေါက်ကိန်းရှိသည်။ ၆ထိပ်၊ ၆ပိတ်ဂဏန်းဖြင့် ထိုးပါ။ မရောက်ဖူးသောခရီး၊ မပေါင်းဖူးသောမိတ်ဆွေ မလုပ်ဖုးသောလုပ်ငန်းများလုပ်ကိုင်ရကိန်းရှိသည်။ ကိုယ်ချစ်သောသူ နှင့်ယူဖြစ်မည်။ အိမ်က သဘောမတူ၍ ထွက်ပြေးရတတ်သည်။ အထင်အမြင်လွဲစွပ်စွဲခံရမည်။ စာမေးပွဲအောင်မည်။ ရာထူးတက်မည်။ လစာတိုးမည်။ နေရာအရွှေ့အပြောင်းရှိသည်။ သင်တန်းသွာုးရမည်။ ကျန်းမာရေး အနည်းငယ် ဂရုစိုက်ပါ။

အကျိုးပေးဂဏန်း – ၆ ၊ ၁၊ ၈

အထူးဟော – လူယုံမထားရ။

ယတြာ – သောကြာနေ့နံနက်တွင် အရှေ့မြောက်ထောင့်အရပ်ရှိလမ်းမပေါ်သို့ နံနက်ပိုင်းကြွလာသော သံဃာတစ်ပါး အား နှစ်သက်ရာသစ်သီးလှူဒါန်းလိုက်ပါ။ ဆုတောင်းပါ။

 

 

စနေ

သင်ကံကောင်းချိန်ရောက်နေသည်။ အရာရာအောင်မြင်တိုးတက်မည်။ ပြသာနာအရှုပ်အရှင်းများအပေါ်တွင် အနိုင်ရ မည်။ အခက်အခဲ အထစ်အငေါ့ အတိုက်အခံများ ကျော်လွှားနိုင်မည်။ ရည်ရွယ်ချက်များ တစ်ခုပြီးမှ တစ်ခုလုပ်ပါ။ အောင်မြင်မည်။ သို့သော်လည်း စိတ်လှုပ်ရှားမှု ၊ ကိုယ်လှုပ်ရှားမှု များ၍ စိတ်မော၊ လူမောဖြစ်နေမည်။ ခြေဖျား၊ လက်ဖျား ထိခိုက်အနာတရကြုံမည်။ ကိုယ်ပိုင်လုပ်ငန်း၊ ရှယ်ယာလုပ်ငန်းများ အကျိုးပေးသည်။ အောင်မြင်မည်။ သို့သော်လည်း အထင်အမြင်လွဲမှားခံရကိန်းရှိသည်။ ၀င်ငွေ စီးပွားရေးကောင်းမည်။ အောင်ဘာလေ ထီပေါက်မည်။ ၅ ထိပ် ၊ ၇ ပိတ်ဖြင့် ထိုးပါ။ အရှေ့အရပ်၊ တောင်အရပ်ရှိထီဆိုင်တွင် ထိုးပါ။ အချစ်ရေး၊ အိမ်ထောင်ရေးကောင်းသည်။ သို့သော် ချစ်သူ၏ အပြစ်တင်ခြင်းခံရတတ်သည်။ ခရီးယာယီသွားဖြစ်မည်။ စာမေးပွဲအောင်မည်။ ရာထူးတက်မည်။ လစာတိုးမည်။

အကျိုးပေးဂဏန်း ၇၊ ၀၊ ၎

အထူးဟော – စွန့်စား၍ လွတ်လပ်စွာ ကြိုးစားလုပ်ကိုင်လိုက်ပါ။ အောင်မြင်မည်။

ယတြာ – စနေနံနက်တွင် တောင်အရပ်ရှိလမ်းပေါ်တွင်တွေ့သော သံဃာတစ်ပါးအား ဒံပေါက်ဆွမ်းကပ်လှူပြီး ဆုတောင်းပါ။ အောင်မြင်မည်။

Check Also

၉-၆-၁၆ မှ ၁၅-၆-၁၆ အထိ ၇ရက်သားသမီးဟောစာတမ်း

ဒေါက်တာထွန်းလင်း-ဘုတလင်( Gold-Medalist) တနင်္ဂနွေ စိတ်မောလူမော ဖြစ်နေမည့် ကာလတစ်ခုပါ။ အရာရာ ဖြစ်ချင်တာတွေ ဖြစ်မလာသေးလို့ စိတ်မောနေရမှာပါ။ စိတ်မမောပါနှင့်။ မုချ အဆင်ပြေပါတယ်။ (၁) စာမေးပွဲအောင်တယ်။ …