Saturday , May 27 2017
Home / ဗေဒင် / ၉-၆-၁၆ မှ ၁၅-၆-၁၆ အထိ ၇ရက်သားသမီးဟောစာတမ်း

၉-၆-၁၆ မှ ၁၅-၆-၁၆ အထိ ၇ရက်သားသမီးဟောစာတမ်း

ဒေါက်တာထွန်းလင်း-ဘုတလင်( Gold-Medalist)

တနင်္ဂနွေ

စိတ်မောလူမော ဖြစ်နေမည့် ကာလတစ်ခုပါ။ အရာရာ ဖြစ်ချင်တာတွေ ဖြစ်မလာသေးလို့ စိတ်မောနေရမှာပါ။ စိတ်မမောပါနှင့်။ မုချ အဆင်ပြေပါတယ်။ (၁) စာမေးပွဲအောင်တယ်။ (၂) ချစ်သူ က စိတ်ဆိုးသော်လည်း ပြန်လာမည်။ (၃) ငွေကြေးကိစ္စ အဆင်ပြေမည်။ (၄) အလုပ်မှာ ပြဿနာမဖြစ်ဘူး။ (၅) အထင်လွဲနေတာတွေ ပြေလည်သွားမည်။ ထို့ကြောင့် စိုးရိမ်စရာမရှိပါ။ အဲ့ဒါသေချာပေါက်မှန်တဲ့ ဟောချက်ပါ။ ခရီးယာယီတွေ သွားဖြစ်မည်။ သူများကျေးဇူးသိတတ်လိုက်ပါ။

အကျိုးပေးဂဏန်း       – ၅၊၆၊၉

အထူးဟော              – အားလုံးကံကောင်းနေမည်။

ယတြာ                    – တနင်္ဂနွေ နံနက် တွင် အောင်သပြေပန်းဘုရား လှူပါ။

တနင်္လာ

ရည်ရွယ်တာကတစ်မျိုးလုပ်နေရတာကတစ်မျိုး ဖြစ်နေရတတ်ပါသည်။ ဒါပေမဲ့ ရည်ရွယ်တာရောလုပ်နေတာရော ၂ မျိုးလုံးအဆင်ပြေပါမည်။ ဒီတပတ်ကတော့ သင့် အတွက် ကံကောင်းသောကာလပါ။ (၁) စာမေးပွဲအောင်မြင်မည်။ (၂) အချစ်ရေးမှာအတိုက်အခံပေါ်မည်။ ပြန်အဆင်ပြေမည်။ (၃) အလုပ်အကိုင် အဆင်ပြေမည်။ တိုးတက်မည်။ (၄) စီးပွားရေးအဆင်ပြေမည်။ (၅) အပေါင်းအသင်းတွေရဲ့ အကူအညီရမည်။၎င်းအပြင် စက်ပစ္စည်း ၊ ရွှေ ၊ မြေတို့ ၀င်မည်။ ပြောင်းလဲ ဖြစ်မည်။ ရစရာရှိသောငွေ တွေဝင်လာမည်။ ဆွေမျိုးအတွက် စိတ်ရှုပ်ရတတ်သည်။

အကျိုးပေးဂဏန်း       – ၂၊၄၊၈

အထူးဟော              – သင်ကံကောင်းနေပါတယ်။

ယတြာ                    – တနင်္လာနေ့နံနက်တွင် ဘုရားကိုဆွမ်းကပ်ပါ။ သံဃာတွေ ဆွမ်းလောင်းပါ။

 

အင်္ဂါ

အပြောနှင့် အလုပ် တခြားစီ ဖြစ်နေရတတ်တယ်။ အတိုက်အခံတွေ ကြုံနေမည်။ ကတိကိုလွယ်လွယ် မပေးနှင့် ။ ကတိပျက်တတ်တယ်။ ပညာရေးစာမေးပွဲအောင်မည်။ မရည်ရွယ်ဘဲခရီးထွက် ဖြစ်မည်။ ပစ္စည်းမေ့ကျန်ခြင်း ၊ ပျောက်ခြင်း ၊ ငွေလိမ် ခံရခြင်းတို့ ဖြစ်မည်။ ငွေကြေးရစရာတို့ ၀င်လာမည်။ အဆောက်အဦးအိမ်မြေတို့ ပြောင်းလဲ ပြင်ဆင် ဆောက်လုပ်ရမည်။ အချစ်ရေးမှာစွံမည်။ အချစ်သစ်ထပ်တွေ့မည်။ ယခုရက်ပိုင်းအတွင်းစီးပွားရေးစပ်တူမလုပ်နှင့် လူယုံထားပြီးငွေမပေးနှင့် ပြန်မရတတ်ပါ။

အကျိုးပေးဂဏန်း       – ၃၊၈၊၁

အထူးဟော              – အမှတ်တမဲ့ မှ အမှတ်တရတွေ ဖြစ်ရတတ်ပါသည်။

ယတြာ                    – အင်္ဂါနေ့ နံနက်တွင် ဘုရားကိုအုန်းပန်းအုန်းညွန့် ၆ ခု လှူပါ။

 

ဗုဒ္ဓဟူး

စိတ်လှုပ်ရှားစရာများလှုပ်ရှားသွားလာမှု့များ ကြုံနေမည်။ သို့သော် အန္တရာယ်မရှိပါ။ လုပ်နေတာတွေ အောင်မြင်မည်။ သို့သော် ရေရှည်အကျိုးမပြုသောလုပ်ငန်းများကိုလုပ်မိနေရတတ်သည်။ သင်သည် မကြာမှီလုပ်ငန်းပြောင်းလဲရပါလိမ့်မည်။ ပြောင်းလဲမှု့သည် တိုးတက်မှု့ ဖြင့်ပြောင်းရပါမည်။ ပညာရေးကံကောင်းနေသည်။ စာမေးပွဲမုချအောင်မြင်မည်။ အချစ်ရေးမှာအဆင်ပြေ ၍ မယူချင်သေးပါကရှေ့ဆက်မတိုးနှင့်။ တိုးပါကယူဖြစ်ပြီဟုမှတ်ပါ။ စက် ၊ ရွှေ ၊ အိမ်တို့ အဆင်ပြေမည်။

အကျိုးပေးဂဏန်း       – ၂၊၆၊၎

အထူးဟော              – သင်ကံကောင်းနေပြီ။

ယတြာ                    – ဗုဒ္ဓဟူးနေ့ နံနက်တွင် ဘုရားကိုရွှေသင်္ကန်းကပ်ပါ။

 

ကြာသပတေး

ယခုကာလထက် လာမည့် အနာဂတ် အတွက် ရည်ရွယ်ဆောင်ရွက်မှု့ ဖြင့် လုပ်ကိုင်ခြင်းဆောင်ရွက်ခြင်း ကြိုးစားခြင်းများဆောင်ရွက်မှု့ ပြုဖြစ်မည်။ အောင်မြင်ပါသည်။ ကြိုးစားဖြေဆိုထားသောပညာရေးစာမေးပွဲလည်းသေချာပေါက် အောင်မြင်နေပါသည်။ ထူးချွန်မှု့လည်း ဖြစ်ပါမည်။ အချစ်ရေးမှာအဆင်ပြေ ၍ ရကိန်းရှိပါသည်။ အိမ်ထောင်ရှိသူတို့ မဆင်ခြင်ပါကအငယ်အနှောင်းရကိန်းရှိပါသည်။ ကိုယ်ပိုင် ၊ ရှယ်ယာလုပ်ငန်းများအကျိုးပေးပါသည်။ ၀မ်းဗိုက် နှင့် ပတ်သက်ပြီး ချူချာတတ်၍ အပူအစပ် တွေ မစားသင့်ပါ။

အကျိုးပေးဂဏန်း       – ၉၊၆၊၎

အထူးဟော              – အဆင်ပြေအောင်မြင်ပါသည်။

ယတြာ                    – ကြာသပတေးနေ့ နံနက်တွင် အောင်သပြေ ၁၉ ညွန့် ဘုရားကပ်ပါ။

 

သောကြာ

ကိုယ့်ဘက်ကစိတ်ထားကောင်းစွာဖြင့် ပြောဆိုလုပ်ကိုင် ဆောင်ရွက်မှု့များ ပြုသော်လည်းတပါးသူရဲ့ အကောင်းမမြင် အထင်လွှဲမှားမှု့ များခံရတတ်ပါသည်။ စိတ်လေနေပါသည်။ ထင်ရာလုပ်မိသောကြောင့် မိသားစု၏ အထင်လွဲအပြစ်တင်မှု့ များခံရတတ်ပါသည်။ သူတပါးအရှုပ်ကိုယ့်အရှုပ် ဖြစ်ပါမည်။ စာပေ ၊ ပညာရေးအထူးကောင်းနေပါသည်။ ထို့ကြောင့် စာမေးပွဲမုချအောင်မြင်ပြီးထူးချွန် ဆုတွေရပါမည်။ အချစ်ရေးမှာအဆင်ပြေ၍ မဆင်ခြင်ပါကခိုးရာလိုက်ပြေးခြင်းဖြင့် ရသွားတတ်ပါသည်။

အကျိုးပေးဂဏန်း       – ၁၊၆၊၉

အထူးဟော              – သင်ကံကောင်းနေသည်။

ယတြာ                    – သောကြာနေ့ နံနက်တွက် ဘုရားကိုသစ်သီးဆွမ်းကပ်လှူ ပါ။

 

စနေ

ကံကောင်းနေသောကာလတစ်ခုပါ။ သင်ဘာပဲလုပ်လုပ် သင်လုပ်သမျှ ဟုတ်နေပါမည်။ အဆင်ပြေပါတယ်။ အောင်မြင်ပါတယ်။ ကြီးပွားတိုးတက်လာပါမည်။ အပေါင်းအသင်းတို့၏ အကူအညီတွေလည်းရပါမည်။ စာမေးပွဲမုချအောင်မြင်မည်။ ခရီးဝေးယာယီ တွေသွားဖြစ်မည်။ မရောက်ဘူးသောခရီးလည်းရောက်ဖြစ်မည်။ စက်ပစ္စည်း ၊ ရွှေ နှင့် အခြားလူသုံးကုန်ပစ္စည်း ၊ အိမ်ဆောက်ပစ္စည်း ၊ အသုံးအဆောင် ပစ္စည်းတို့ ၀င်လာမည်။ လူအများ၏ ချီးကျူး ခြင်းခံရမည်။ ရန်သူကမိတ်ဆွေဖြစ်လာမည်။ အချစ်ရေးကံကောင်းတယ်။ စီးပွားရေးကောင်းပါတယ်။

အကျိုးပေးဂဏန်း       – ၉၊၇၊ဝ

အထူးဟော              – ကံဇာတာအထူးကောင်းနေပါသည်။

ယတြာ                    – စနေနေ့နံနက်တွင် ဘုရားကိုရေသက်စေ့ ရေသပ္ပါယ်ပြီးအောင်သပြေ

ကပ်လှူပါ။

 

 

 

Check Also

၃၀-၆-၁၆ မှ ၆-၇-၁၆ ထိ ၇ ရက် သားသမီး ဟောစာတမ်း

ဒေါက်တာထွန်းလင်း-ဘုတလင် (Gold-Medalist) တနင်္ဂနွေ စိတ်လေနေမည်။ အတွေးများနေမည်။ ရည်ရွယ်ချက်များ ၊ ရည်မှန်းချက်များ တစ်ခုပြီးတစ်ခု ဆုံးဖြတ်ချက်ချနေဖြစ်မည်။ ချစ်သူ၊ စွဲလန်းသူ ခင်မင်သူ၏ အကူအညီဖြင့် သင်၏အောင်မြင်မှုကို …